တနင်္သာရီတိုင်းဒေသကြီး

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် စက္ကူဖြင့် ခွက်ခေါက်နည်းသင်ကြားပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် စက္ကူဖြင့် ခွက်ခေါက်နည်းကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က သင်ကြားပေးခဲ့သည်။

ကျွန်းစုမြို့တွင် လူငယ်ကဏ္ဍ‌ဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးသင်တန်း healthy life style သင်ကြားမှုများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူ‌နေမှုပုံစံဖြင့် ပြုမှု၊ နေထိုင်၊ စားသောက်တတ်စေရန်ရည်ရွယ်၍ လူငယ်ကဏ္ဍ‌ဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးသင်တန်းကို ယမန်‌နေ့ညနေ (၂) နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ရေခက်ခဲသည့် ရပ်ကွက်များသို့ ရေလှူဒါန်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ အပူချိန်မြင့်မား၍ ရေခက်ခဲသည့် ရပ်ကွက်များသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေများလှူဒါန်းပေခြင်းကို ယနေ့ နံနက် ၉နာရီက အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ဝိုင်းများတွင် ဆက်လက်သင်ကြား

ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ် အစိုးအရအဖွဲ့များ ပူးပေါင်းကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများနှင့် စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး ရည်ရွယ်၍ ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ စာသင်ဝိုင်းများတွင် ဆက်လက်စာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်အသုံးပြုတတ်စေရန်အတွက် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပြည်သူ့စစ်များအားရင်းရင်းနှီးနှီးတွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးကိုလားသည့် ပြည်သူ့စစ်များအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းကျောင်း၌ပြည်သူ့ စစ်များအားရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းသိရသည်။

ကော့သောင်းမြို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) ဆင့်ပွားသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်)ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ဖွင့်ပွဲအခမ်းအနားဖြင့် ဖွင့်လှစ်၍ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း healthy life style လူငယ် အသိပညာပေးသင်တန်းဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်ကဏ္ဍဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်း‌ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်)ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ကော့သောင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ကျွန်းစုမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး