တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့-အောင်မင်္ဂလာဈေး (၂) အတွင်း သင်္ကြန်အကြိုနေ့၌ အတာအိုးနှင့် အတာပန်းရောင်းသူ/ဝယ်သူများဖြင့်စည်ကား

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် ဈေးလမ်းရှိ အောင်မင်္ဂလာဈေး (၂) ဈေး အရှေ့နှင့် ဈေးတွင်းနေရာများတွင် မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန် အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့ နံနက်၆နာရီမှစ၍ သင်္ကြန်ပန်း၊ အတာအိုး/အတာပန်း၊ တံခွန်ကုက္ကားများနှင့် ရေပန်းပစ္စည်းများကို ရောင်းသူ/ဝယ်သူများဖြင့် စည်ကားလျက်ရှိပါသည်။

ရေဖြူမြို့၌ မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်191 Sticker များ ကပ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် အလွန်ပူပြင်းသောနွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Stickerများ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယမန်နေ့နံနက် ၈နာရီက ရေဖြူမြို့အဝင်တံတား၊ ရပ်ကွက်များရှိနေအိမ်များ အထွက်စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်191 Sticker များ ကပ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အလွန်ပူပြင်းသောနွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့နယ်၊ ကမြောကင်းတံတား အဝင်အထွက်စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုတရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုမှ တရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် မြိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် ဂုဏ်ပြု ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။

မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုတရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုမှ တရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် မြိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် ဂုဏ်ပြု ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။

ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်ခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌  ရာသီဥတုပူပြင်းလာသည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်ခြင်းကို ယမန်နေ့နံနက် ၇နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ကလေးငယ်များ ဉာဏ်ရည်/ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဉာဏ်ရည်/ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးတွင် မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ကျန်းမာရေးနှင့် ညီညွတ်သောလူ‌နေမှုပုံစံဖြင့် နေထိုင်၊ ပြုမူ၊ စားသောက်နည်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိ‌‌သော ယဉ်ကျေးလိမ္မာသင်တန်းကျောင်းခန်းတွင် ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့နယ်တွင်  မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ် နှင့် 191 စတစ်ကာများ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူများအား မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ် ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများကို ယမန်နေ့ နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး