တနင်္သာရီတိုင်းဒေသကြီး

ကလိန်အောင်မြို့တွင် နှစ်ဆန်းတစ်ရက်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ပြုပွဲ ကျင်းပ

မြန်မာသက္ကရဇ် ၁၃၈၆ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ စုပေါင်း၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူ‌ ကောင်းမှုကုသိုလ်ပြုပွဲ ကျင်းပ‌ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အတက်နေ့ ညနေ (၅) နာရီအချိန်က ဘုတ်ပြင်းမြို့ မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၅ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသခံပြည်သူများ ပျော်ရွင်စွာရေသဘင်ပွဲတော်ဆင်နွဲနေမှုများအား ကြည့်ရှုအားပေး

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် ရွှေဝယ်ပိတောက်ရေကစားမဏ္ဍပ်များသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများ ပျော်ရွင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့ ဘိုးဘွားရိပ်သာကျောင်းတိုက်အတွင်း သင်္ကြန်ကာလ အသံမစဲပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၏ ကျက်သရေဆောင် ဘိုးဘွားရိပ်သာကျောင်းတိုက်အတွင်း သင်္ကြန်ကာလ နေ့/ည အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းအောင်ပွဲအခမ်းအနားကို ယနေ့(သင်္ကြန်အတက်နေ့) နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အေးငြိမ်းချမ်းသာဘုရားတောင်ပေါ်ရှိ ကံမြင့်ဘုရားကျောင်းဆောင်အတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဘိုးဘွားရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် ပင့်သံဃာ(၂၂)ပါး၊ အလှူရှင်/အလှူအမများ၊ ရပ်ဝေးရပ်နီးမှ ဆွေတော်မျိုးတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့ ဗဟိုမဏ္ဍပ်နှင့်  ရေကစားမဏ္ဍပ်များသို့ သွားရောက်ကြည်ရှုအားပေး

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာရေကစားသင်္ကြန်မဏ္ဍပ်များတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ပျော်ရွင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကျနေ့) တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာ ကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၅ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သော ၁၃၈၅ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ယမန်နေ့ ညနေ ၄ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ယမန်နေ့ ညနေ(၄)နာရီက အဆိုပါမဏ္ဍပ်၌ ဖွင့်လှစ်ခဲ့ကြပြီး သပြေခက်နှင့် အတာရေစင်သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲခဲ့ကြသည်။

တနင်္သာရီမြို့တွင် သင်္ကြန်ကာလအတွင်း အထူးတရားစခန်းနှင့် အသံမစဲပဌာန်းပူဇော်ပွဲများဖြင့် ကုသိုလ်ကောင်းမှုပြုသူများပြား

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ၁၃၈၅-၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း တန်ခူးလဆန်း(၄)ရက် (ဧပြီလ၁၂ရက်နေ့) ညနေပိုင်းမှစ၍ သင်္ကြန်ကာလ အထူး တရားပွဲနှင့် နေ့/ည အသံမစဲ မဟာပဌာန်းပူဇော်ပွဲများကို သက်ဆိုင်ရာ ကျောင်းများတွင် ကုသိုလ်ကောင်းမှုများပြုလုပ်သူ များပြားကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး