ခမောက်ကြီးမြို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပြီး (191) sticker များ ကပ်ပေး
အလွန်ပူပြင်းသောနွေရာသီအချိန်အခါတွင် မီးလောင်မှုလျော့နည်းစေရန်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ် 191 ပါရှိသည့် စတေကာများကပ်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။