တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘုတ်ပြင်းမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁၉)ယူနစ်၊ကျေးရွာ(၂၄)ရွာနှင့် ခေတ်မီစံပြကျေးရွာစီမံကိန်းကျေးရွာ (၁) ရွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းများအလိုက် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ခေတ်မီစံပြ ကျေးရွာထူထောင်ရေး စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။