တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေး

တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး စုပေါင်းသွေးလှူဒါန်းနေမှုနှင့် ဆေးဝါးကုသနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီးကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းနေမှုနှင့် ဆေးဝါးကုသနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီးကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဘွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီခွဲက ထားဝယ်မြို့ ကျက်သရေဆောင်လောကမာရ်ဇိန် ဘုရားကြီး၌ ကျင်းပသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ  အကျဉ်းသား စုစုပေါင်း (၂၈) ဦး လွှတ်ပေး

နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား(၂၈)ဦးအား ယနေ့နံနက် (၉) နာရီက လွှတ်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား  ဦးဆောင်းအပ်နှင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွား သင်တန်းကျောင်း၌ ဘက်စုံသားဖွားဒီပလိုမာ အပတ်စဉ်(၁၃) သင်တန်းသူများအား ဦးဆောင်းအပ်နှင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ သင်တန်းကျောင်း ပုလဲဧကရီခန်းမတွင် ကျင်းပသည်။

ကော့သောင်းမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ရွှေဟင်္သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီ ကထားဝယ်မြို့၊တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး