တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့၌ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း သင်ကြားပို့ချ

ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောက်မြို့ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း Dip.EP အမှတ်စဉ်( ၂/ ၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ သင်တန်းDip.EP အမှတ်စဉ်(၂/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပရာ ဦးစွာ ဆရာမများက “ဘက်စုံဦးတည် DEDC" တေးသီချင်းဖြင့်ဖျော်ဖြေ တင်ဆက်သည်။

မြိတ်မြို့တွင် တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ပညာပေး ဟောပြောပွဲကို ဧပြီ (၂၁) ရက် နံနက်ပိုင်းက ပသောင်းကျေးရွာအုပ်စု တောင်ပုလဲကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ကွင်းဆင်း အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာများကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျွဲခရံကျေးရွာအုပ်စု၊ ကျွဲခရံကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်း အသိပညာပေးဟောပြောသည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကော့သောင်းအကျဉ်းထောင်သို့ စာအုပ်၊ စာ‌ပေများလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် FED မြန်မာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့သောင်းအကျဉ်းထောင်သို့စာအုပ်၊ စာ‌ပေများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့‌သောင်းအကျဉ်းထောင်အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကျွန်းစုမြို့နယ်၌(၈၀)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု၍ စုပေါင်း ကုသိုလ်ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၈၀)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ သံသရာအေးဘုရားနှင့် အမှတ် (၃) ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်တို့၌ စုပေါင်းကုသိုလ်ပြု ဆောင်ရွက်ခဲ့သည်။

ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၂၀  ရက်နေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

မြိတ်တက္ကသိုလ်တွင် ၂ဝ၂၆ ခုနှစ် မူလတန်းပြ ဆရာ/မများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်လှစ်

တနင်္သာရီတိုင်း မြိတ်တက္ကသိုလ်တွင် မူလတန်းပြဆရာ/မများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course)ကို ဧပြီ(၂၀)ရက် မွန်းလွဲပိုင်းက  မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ဖွင့်လှစ်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး