တနင်္သာရီတိုင်းဒေသကြီး

ရေဖြူမြို့၌ ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ မြို့တွင်း၌ လှည့်လည် ရွတ်ဖတ်ပူဇော်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်း ၂ ရက်နေ့နှင့် ၃ ရက်နေ့ညနေတို့တွင် ဆရာတော်သံဃာတော်များက မြို့တွင်းသို့လှည့်လည်၍ ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း(Main Course)ဖွင့်ပွဲ တက်ရောက်

မူလတန်းပြ ဆရာ၊ ဆရာမများအတွက်အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ကျင်းပရာ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများက ပညာရွှေခေတ်သီချင်းဖြင့်သီဆိုဖျော်ဖြေသည်။

သရက်ချောင်းမြို့နယ်၌ ကမ္မဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ မြို့တွင်း၌ လှည့်လည်ရွတ်ဖတ်ပူဇော်

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင်  ဆရာတော်သံဃာတော်များနှင့် ဥပသကာများက မြို့တွင်းသို့ လှည့်လည်၍ ကမ္မဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတဂေဟာကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဇေယျဝတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်၌ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ဘုတ်ပြင်းမြို့တွင် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါန ကဏန်းလွှတ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မဟာသင်္ကြန်အတက်နေ့ ဇီဝိတဒါန ကဏန်းလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) အချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ ဗိုလ်လှဖေဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နှစ်သစ်ကူး ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ဆိပ်ငယ်ဗောတံတားတွင် ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အသက် (၉၀) နှစ် အထက်သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ကလိန်အောင်မြို့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဧပြီ ၁၇ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများစုပေါင်း၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူ‌ပွဲ ကျင်းပ‌ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက ထားဝယ်မြို့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အနီး မြို့တော်ခန်းမ ၂ ရှေ့ ဗဟိုမဏ္ဍပ်၌စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး