တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြိတ်မြို့တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး၊‌ ရေချွေတာရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သဘွတ်‌ကျေးရွာဓမ္မာရုံတွင် ကျင်းပသည်။

ပုလောမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလ (၁၂) ရက်တရားစခန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလ ဝိပဿနာ (၁၂)ရက် တရားစခန်းကို ပုလောမြို့ မြို့ဦးကျောင်း တွင် ဧပြီ (၇)ရက် မှ (၁၈)ရက်အထိ ၁၂ ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့တွင် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်နှင့်အတူ ဖျော်ဖြေရေးမဏ္ဍပ်(၄)ခု၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များဖြင့်  ဖျော်ဖြေရေးအစီအစဉ်များနှင့် ရေကစားခြင်းဖြင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို (၂)နေရာတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ကရသူရိမြို့၌  မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်ဆောက်လုပ်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်မပ် ဆောက်လုပ်ပြီးစီးဖြစ်သဖြင့် ဧပြီ၁၃ရက်(မဟာသင်္ကြန်အကြိုနေ့)မှစ၍ တစ်နိုင်ငံလုံးနှင့်အတူ ပျော်‌ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်( ၂၀ )ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်( ၁ )ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း (၂၈)ဦးနှင့် လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ကြား၍ တက်ရောက်သည့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် (၁)ဦး၊ တိုင်းဒေသကြီးဝန်ကြီး(၂)ဦး၊ တိုင်းဒေသကြီးဥပဒေချုပ် (၁)ဦး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်(၁)ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး(၂)ဦး၊ လေ့လာသူ (၁၄)ဦး၊ မီဒီယာ (၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်သည်။

သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ထားဝယ်ရိုးရာမုန့်ချိုပြုလုပ်နည်းသင်တန်းဖွင့် 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံအမျိုးသမီးငယ်များအား ရိုးရာလက်လုပ်မုန့်ပညာများ မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ​ရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့်ထားဝယ်ရိုးရာမုန့်ချိုပြုလုပ်နည်းသင်တန်းဖွင့်လှစ်သင်ကြားသည်။

ကျွန်းစုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ဖျော်‌ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌  မြန်မာ့ရိုးရာမဟာသင်္ကြန်တွင် ဖျော်‌ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဖြူမြို့တွင် (၂၁)ကြိမ်မြောက် မဟာသင်္ကြန်(၁၀)ရက်တရားစခန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် (၂၁)ကြိမ်မြောက်မဟာသင်္ကြန်ဝိပဿနာ (၁၀)ရက်တရားစခန်းကို‌ ရေဖြူမြို့၊ ဓမ္မမာမကကျောင်းတွင် ဧပြီ(၇)ရက်မှ (၁၆)ရက်အထိ ၁၀ ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကျင်းပ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ ၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း(၂၈)ဦးနှင့် လေ့လာသူ ၃ ဦး၊ မီဒီယာ ၃ဦးတို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး