တနင်္သာရီတိုင်းဒေသကြီး

ကရသူရိမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ရေကစားမဏ္ဍပ်များ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်၍ ပျော်ရွှင်စွာ ရေကစားနိုင်ရေး ရေကစားမများကို မြို့ပေါ်ရပ်ကွက်များ၌ ဧပြီလ ၉ ရက်နေ့မှ စ၍ ဆောက်လုပ်လျက်ရှိသည်။

သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်နိုင်‌စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊‌ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်များအား တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်နိုင်‌စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီက သရက်ချောင်းမြို့၊‌ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်များ၊ ဈေးဆိုင်များအား တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက စလွန်အော်ကျေးရွာ အ.မ.က(မူလွန်)ကျောင်းခန်းမ၌ ကျင်းပသည်။

ခမောက်ကြီးမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်စေရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်၍ ယမန်နေ့က ခမောက်ကြီးမြို့၌ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ကလိန်အောင်မြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Sticker  များကပ်ခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့်(191) Sticker များဖြန့်‌‌ဝေ‌ပေးခြင်းကို ယနေ့ နံနက်(၇)နာရီခွဲက မြို့ပေါ်ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များအနီးနှင့်‌ဈေးလမ်းဆုံများ၌ ဆောင်ရွက်သည်။

ကော့သောင်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇-၁၃၈၈ခုမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စနစ်တကျစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် အများပြည်သူ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ယနေ့မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဘုတ်ပြင်းမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ  မြို့နယ်ပေါ်ရပ်ကွက်များ၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ မြို့မဈေးလမ်းဆုံ၊ မြို့ပေါ်များရှိ လမ်းဆုံများနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ဦး၏ ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၇နာရီခွဲမှစတင်၍ လောင်းလုံးမြို့ ကမြောကင်းကျေးရွာရှိ  စက်သုံးဆီအရောင်းဆိုင်အနီးတို့တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။

ဘုတ်ပြင်းမြို့၌ လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပမည်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်အဆင့်  ဗဟိုရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာအလှူနှင့် ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး