တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးသက်နိုင်လွင်ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့အဖွဲ့ဝင်များက ယနေ့နံနက် ၇နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/အပြင်နှင့် စက်သုံးဆီအရောင်းဆိုင်အနီးတို့တွင် ပြည်သူများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့သည်။

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကျင်းပ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက်  ၁၀ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၀၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း(၂၈)ဦးနှင့်လေ့လာသူ(၃)ဦး၊ မီဒီယာ(၃)ဦးတို့တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးက ဆောင်ရွက်သည်။

မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန် နေရာ(၂)ခုနှင့်အတူ ဖျော်ဖြေရေးမဏ္ဍပ်(၅)ခုနှင့် ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများအေးအေးချမ်းချမ်းနှင့် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် လမ်းလျှောက်သင်္ကြန်၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များဖြင့် သင်္ကြန်ယိမ်းအကအလှများ၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးဂီတများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ရေကစားခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကော့သောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်

မြန်မာတို့၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ၁၃၈၇-၁၃၈၈ ခု၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စနစ်တကျ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် အများပြည်သူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ဒုတိယအကြိမ်ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ(၃)ရက် နံနက်(၁ဝ)နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဘုတ်ပြင်းမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန် ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၌ (၅)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင်  (၅)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲရုံးများတွင် လစဉ်ပထမပတ်အတွင်း သတ်မှတ်ရက်အလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့၌ စက်သုံးဆီချွေတာနိုင်ရေးကိုရည်ရွယ်ပြီး “စုံ”ရက်၊ “မ”ရက်တွင် စည်းကမ်းမလိုက်နာသောယာဉ်များအား အရေးယူဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စက်သုံးဆီချွေတာနိုင်ရေးကို ရည်ရွယ်ပြီးအမှတ် ၇၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှူး ရုံးမှ  ဒုရဲမှူးသန်းဇော်ဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့အတွင်း သွားလာနေသော “စုံ”ရက်၊ “မ”ရက် ယာဉ်များအား  မတ်လ ၁၄ ရက်နေ့မှစ၍ ယနေ့အထိ လိုက်လံကြည့်ရှုစစ်ဆေးပြီး စည်ကမ်း မလိုက်နာသော ယာဉ်များအား အရေးယူ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်းမပြုရသေးသော မော်တော်ယာဉ်များအားမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းရောက်ရှိလာပြီး မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်း မပြုရသေးသော မော်တော်ယာဉ်များအားမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီးကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် မိခင်နှင့်ကလေး ကျန်းမာ‌ရေး ပညာပေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင်အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး