ဘီးလင်းမြိုနယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အ.မ.က (ကျားကွင်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။