ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက် တိုင်းရင်းသားတစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသည့် သက်အမျိုးသားနေ့ကို နှစ်စဉ် မေလ (၁)ရက်နေ့တွင် ကျင်းပလျက်ရှိရာ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၇)ရပ်ကွက်၊ သုခိတာလမ်းရှိ ဇောတိကာရုံကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော်ခန်းမတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနား ကျင်းပ

မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ယမန်​နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးမြို့ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ ဩဝါဒခံယူခဲ့ကြောင်းနှင့် ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက် ဂါရဝ ပြုခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ကျော်ဝင်းရေးသားသည့် “ နှစ်ဆယ့်တစ်ရာစု သားရွှေဥ ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ပြည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ "ဆုံဆည်းရာ" Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက "ဆုံဆည်းရာ" Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

လသာမြို့နယ်တွင် လူငယ်များစွမ်းရည်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုက်ကွမ်ဒိုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လူငယ်စွမ်းရည်မြှင့်တင်ရေး ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီတွင် လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ရပ်ကွက်ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနရုံးများ၌ သွားရောက်ငှားရမ်းပေးနေကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း ပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီပန်းချီသင်တန်း၊ စစ်တုရင်သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ ပေးအပ်လှူဒါန်းသော စာအုပ်/စာစောင်များ အားရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ လှူဒါန်းပေးအပ်သော စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ