ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာမကြီး ဒေါ်ခင်ခင်ဝင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာကြီး၊ ဆရာမကြီးများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေစကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) တွင် လူငယ်များ မြန်မာ့ယဉ်ကျေးမှုအ‌မွေအနှစ်များကို တန်ဖိုးထားတတ်စေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက လူငယ်နှင့်မြန်မာ့ယဉ်ကျေးမှုအနုပညာ ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်

မြင်းခြံမြို့ အထက(၄) ကျောင်း၌ သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  ကြိမ်ခြင်းရက်လုပ်နည်းသင်တန်း(အခမဲ့) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်လေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre )ခန်းမ၌ ကြိမ်ခြင်းရက်လုပ်နည်း (အခမဲ့)သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့တွင် သတင်းဗွီဒီယိုရိုက်ကူးတည်ဖြတ်ခြင်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အ.မ.က ဦးသီလတွင် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အ.မ.က ဦးသီလကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိမြိုနယ်၌ လူငယ်များဗလငါးတန် ဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၌ လူငယ်များ ဗလငါးတန် ဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

မင်္ဂလာဒုံမြို့နယ် အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသ၍ ငှားရမ်းပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၁၀) အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စာရေးဆရာအသင်းမှ ဆရာမတို့က လူငယ်များ လိမ္မာယဉ်ကျေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊နံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်များခင်းကျင်းပြသပြီး ငှားရမ်းပေးခြင်းတို့ကို ယမန်နေ့နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ