ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် ပုံပြောပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထူပါရုံအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်း၍ ပုံပြောပြိုင်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် နွားမေထုံမဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာသန်စွမ်းသောမျိုးကောင်းမျိုးသန့်နွားများ ရရှိစေရေးအတွက် နွားမေထုံမဲ့သားစပ်နည်း သင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရွှေယမုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ် ပြည်သူ့ဆေးရုံ၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင် အိမ်မဲမြို့နယ် ရှိ တောင်သူများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်သည် အိမ်မဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ကိုင်ကြသည့်တောင်သူများနှင့် သြဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကွန်ပျူတာသင်တန်း ဖွင့်လှစ်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန(Community Centre) ခန်းမတွင် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်နိုင်​ရေး ကြီးကြပ်မှု ဆပ်​ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယမန်​နေ့နံနက်ပိုင်းက ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်များအား အစာအာဟာရကျွေးမွေးလှူဒါန်းနိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ချစ်သူများအနေဖြင့် မွေးနေ့နှင့် အထိမ်းအမှတ်နေ့များတွင် အစာအာဟာရ ကျွေးမွေးလှူဒါန်းလိုပါက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာ ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို ယမန်နေ့က ပင်စင်လစာများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့ ပညာ့ဂုဏ်ရည်ကိုယ်ပိုင် အထက်တန်းကျောင်း၌လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့၊ ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

စဉ့်ကူးမြို့တွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် လျှပ်စစ်အန္တရာယ်ကာကွယ်ရေးနှင့် လျှပ်စစ် ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ