အမြို့မြို့အနယ်နယ်သတင်းများ

မိုင်းပျဉ်းမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မြို့နယ်ပညာရေးဌာနမှကြီးမှူး၍ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းကို ၂၀၂၆ခုနှစ် မတ်လ၂၄ရက်က နံနက်ပိုင်းမှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့နယ်အဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းအဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း(မြစ်ကိုင်း)၌ ဖွင့်လှစ်ပို့ချသည်။

ကွန်ဟိန်းမြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ အစိုးရမူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့်(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သတင်းစကား” အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နေ့လယ်(၁)နာရီက လူစည်ကားရာစျေးဆိုင်ခန်းများ၊ မြို့မစျေးနှင့်လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့သည်။

ကွန်ဟိန်းမြို့၌ (၈၁)နှစ် မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ပါသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှု သွားရောက်ဖူးမျှော်ကြည်ညို၍ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ (၁) နာရီက တောင်ကြီးမြို့၊ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုဖူးမျှော်ကြည်ညိုကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်၊ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မတ်လ(၂၄)ရက် နံနက်(၇)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

လပွတ္တာခရိုင် (၃)မိုင်မြို့တွင် ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC)သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် လပွတ္တာ(၃)မိုင်မြို့ လူငယ့်အားမာန်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက်ရှိရာ တာ၀န်ရှိသူများက လှည့်လည်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိကြရာ ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမိုးသူ ၊ မြို့နယ်သာသနာရေးမှူးနှင့် တာ၀န်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ငပုတောမြို့နယ် ဒီရေတိုက်ဖောင်တော်ဦးစေတီတော်နှင့် ရွှေဘုံသာစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အထွဋ် ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူ‌အပ်သော ဒီရေတိုက်ဖောင်တော်ဦးစေတီတော်နှင့် ရွှေဘုံသာစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အထွဋ်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အဆင့်ဆင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အဆင့်ဆင့်တို့အား ပင့်ဆောင်ပူ‌ဇော်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ