အမြို့မြို့အနယ်နယ်သတင်းများ

ကျွန်းစုမြို့တွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက စက်သုံးဆီ သိုလှောင်ဖြန်းဖြူးအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များကို ကွင်းဆင်း စစ်ဆေးခဲ့သည်။

ကျောက်ဆည်မြို့နယ်၌  ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကောင်းသည့်အတွက် အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါးအပြင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ မြေပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံနှင့် ဥယာဉ်ခြံမြေများတွင် ငှက်ပျောသီးနှံများလည်း စိုက်ပျိုးကြကြောင်းသိရပြီး ယခုအခါ ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကောင်းသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့‌ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ပန်းနှမ်းစိုက်ဧကအားလုံးရိတ်သိမ်းပြီးစီး တင်း ၆၈၈၂၉ ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ပန်းနှမ်းစိုက်ဧကအားလုံးရိတ်သိမ်းပြီး တင်း ၆၈၈၂၉ ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ပန်းတောင်းမြို့၌ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်-အေ အားဆေးနှင့် သန်ချဆေးများ အခမဲ့ တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဗီတာမင်-အေအားဆေးနှင့်သန်ချဆေး တိုက်ကျွေးခြင်းများကို မတ် ၂၄ ရက်နေ့ နံနက် ၉ နာရီက စံပြရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) မှ ကြီးမှူး၍ မြို့နယ်အဆင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက် (၁) ၊ အောင်ဆန်းစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ကော်မတီဝင်များ၊ ကြက်ခြေနီအသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြသည်။

ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊   မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက အပူဒဏ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့တွင် အုန်းသီးဈေးများမကောင်း၍ အုန်းသီးလုံးရိုင်းမရောင်းဘဲ အုန်းဆီချက်ရောင်းချသူများ များပြားလာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင်ဒေသထွက်အုန်းသီးလုံးရိုင်း ဈေးများ မကောင်း၍ အုန်းခြံပိုင်ရှင်များနှင့် အုန်းသီးဝယ်ရောင်းသမားများ အခက်ကြုံတွေ့နေသော်လည်း အုန်းဆီချက်ရောင်းချ၍ ဝင်ငွေရှာသူများ ရှိလာကြောင်းသိရသည်။

ငဖဲမြို့နယ်၌  စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲ ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့်စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ကျင်းပပြုလုပ်သည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတို့ ပူ​ပေါင်းကျင်းပသည့် AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့ နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) မြို့နယ်၌ ပြုလုပ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ