ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်အတူ တိုင်းရင်းဆေးဖြင့် ဆေးကုသခြင်း၊ အသိပညာပေးခြင်းတို့ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီ အချိန်၌ ဘိုကလေးမြို့နယ် အမှတ်(၁)ရပ်ကွက် ဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသခြင်းတို့ ဆောင်ရွက်ကြသည်။