အမြို့မြို့အနယ်နယ်သတင်းများ

မောက်မယ်မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ် ကပ်ထားကြေညာထားရှိမှုအား စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာပေးထားမှုအား လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်အေးဦးဆောင်သော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယနေ့ နေ့လယ် ၁ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၀) နှစ်နှင့်အောက် မြို့နယ်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၀) နှစ်နှင့်အောက် မြို့နယ်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့က စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ကျင်းပသည်။

အောင်ပန်းမြို့၌ မဲရုံများအဖြစ်ထားရှိမည့် စာသင်‌ကျောင်းနှင့် ရပ်ကွက်/ကျေးရွာ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ‌ ဆောင်ရွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ မဲရုံများအဖြစ်ထားရှိမည့် စာသင်‌ကျောင်းနှင့် ရပ်ကွက်၊‌ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးတို့တွင် ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက မီး‌ဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရပ်စောက်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာ‌အုပ်စာစောင်ပြပွဲကို ယ‌မန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာဘာသစ်ပါးလွှာစက်ရုံဖွင့်

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် Diamomd & Diamond Co.,Ltd ၏ သစ်ပါးလွှာစက်ရုံဖွင့်ပွဲကို  ဒီဇင် ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)၊ အကွက်အမှတ် (၈၆)ရှိ အဆိုပါစက်ရုံတည်နေရာ၌ ကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများ အတွင်း ကပ်ထားကြေညာလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကို ယနေ့က စတင်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ‌ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) သည် ယနေ့ မွန်းလွဲပိုင်းက ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည်စုံမှန်ကန်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်၍ ကြေညာခြင်းမပြုမီ မိုင်းဆတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဋ္ဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် စိစစ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

စေတုတ္တရာမြို့နယ်တွင် တတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၇ နာရီမှစတင်၍ တတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် မဲစာရင်းများကပ်ထားကြေညာ ထားရှိပြီးဖြစ်သည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်က မြင်းခြံတက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ