ကျောက်ဆည်မြို့နယ်၌ ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကောင်းသည့်အတွက် အဆင်ပြေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါးအပြင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ မြေပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံနှင့် ဥယာဉ်ခြံမြေများတွင် ငှက်ပျောသီးနှံများလည်း စိုက်ပျိုးကြကြောင်းသိရပြီး ယခုအခါ ငှက်ပျောစိုက်ပျိုးသူများ ဈေးကွက်ကောင်းသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။