ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၈၁)နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အကြိုအထိမ်းအမှတ်အဖြစ် ယနေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား(၈၁) နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။