မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အပတ်စဉ် ဆောင်ရွက် Read more about မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အပတ်စဉ် ဆောင်ရွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ နယ်စပ်ဒေသ မိုင်းယုမြို့တွင် မိုးရာသီ ကာလ
တာလေမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက် Read more about တာလေမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့ အမှတ် (၁) ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပူတာအိုမြို့နယ်၌ ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး Read more about ပူတာအိုမြို့နယ်၌ ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash For Work စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ် − ၁၉ ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ် (Covid-19 Economic Relief Plan (CERP) အရ ကျေးလက် ဒေသနေ မိသားစုများ ၀င်ငွေလျော့နည်း လာမှုနှင့် စား၀တ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် (Cash For Work) စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်တို့ က ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Covid-19 Economic Relief Plan အရ ဖလမ်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ ပေးအပ် Read more about Covid-19 Economic Relief Plan အရ ဖလမ်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ ပေးအပ် Covid-19 Economic Relief Plan အရချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်နှင့် ရိခေါဒါရ်မြို့များတွင် ငါးမွေးမြူသောတ ောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဖလမ်းခရိုင်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန် စာရင်း ထည့်သွင်းမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်လျက်ရှိ Read more about ဖလမ်းခရိုင်အတွင်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယဉ်ပြိုင်ရန် စာရင်း ထည့်သွင်းမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်လျက်ရှိ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူများအား ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၁၁ ရက်နေ့မှ၍ စိစစ်လျက်ရှိရာ ယမန်နေ့က ကိုယ်စားလှယ်လောင်း (၇၇)ဦးအား စိစစ်ပြီးဖြစ်ကြောင်းနှင့် စိစစ်ရန် တစ်ဦး ကျန်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးမှ သိရသည်။
မတူပီမြို့နယ်၌ နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ် Read more about မတူပီမြို့နယ်၌ နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ် ချင်းပြည်နယ်၊ မတူပီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်−၂၀၀၀၀/−နှုန်းဖြင့် နိုင်ငံတော် အစိုးရက ထပ်မံထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ အုပ်ချုပ်ရေးမှူးများက ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ခိုဘွေရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစားများအတွက် ခိုဘွေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနေ့ချင်းပြီး ဆောင်ရွက်ပေး Read more about ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနေ့ချင်းပြီး ဆောင်ရွက်ပေး ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် NRC အဖွဲ့တို့ ပူးပေါင်း၍ ဘောလခဲမြို့နယ်၊ချိကွဲ့ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် (၁၃-၈-၂၀၂၀) ရက်နေ့မှ စတင်၍နိုင်ငံသား စိစစ်ရေးကတ်ပြား များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ(၁၄-၈-၂၀၂၀)ရက်နေ့ မွန်းလွှဲပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနား Read more about ရွေးကောက်ပွဲလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနား ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ရပ်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ အများယုံကြည်လက်ခံမှု ၊ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့်တစ်ထပ်တည်း ဖြစ်စေရေး ဟူသောရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီများ On Line အသုံးပြုကာ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တနိုင်းမြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူများ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့ အခြေချနေထိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် Read more about တနိုင်းမြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူများ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့ အခြေချနေထိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီ ဖြစ်၍ အဆိုပါ နေရပ်စွန့်ခွာပြည်သူများ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆမီးမြို့ မီးသတ်ဦးစီးဌာနမှ ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီများ အခမဲ့ဖြန့်ဝေပေး Read more about ဆမီးမြို့ မီးသတ်ဦးစီးဌာနမှ ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီများ အခမဲ့ဖြန့်ဝေပေး ချင်းပြည်နယ် ဆမီးမြို့ အမှတ်(၁)ရပ်ကွက်ရှိ ရေယာဉ်ဆိပ်ကမ်း၌ ခရီးသွားပြည်သူများအား အသက်ကယ်အင်္ကျီများ အခမဲ့ဖြန့်ဝေ ပေးခြင်းကို မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။