ဝေးလံခေါင်ဖျားဒေသသတင်းများ

ပန်နန်းဒင်မြို့၌ ဆန္ဒမဲပေးခွင့်ရှိသူ (၁၀၁၇)ဦးရှိရာ လာရောက်ကြည့်ရှုသူ (၃၈၆)ဦးရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ်လ(၁၄)ရက်နေ့ထိ မြို့ပေါ် ရပ်ကွက်(၁)ခုနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် မဲစာရင်းများ ထုတ်ပြန်ကြေညာ ထားရှိသည်။

မြို့လှ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တတိယအကြိမ် ငွေကြေးထောက်ပံ့

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိ မိသားစုနေအိမ်များအရောက် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ပန်နန်းဒင်မြို့၌ ကိုဗစ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီတွင် ပန်နန်းဒင်မြို့ ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။

Covid - 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော Cash for work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်

ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပြည်သူ့လက်ဝယ်အရောက် ထပ်မံထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP) လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်ထောင်စု(၁)စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်က ထပ်မံထောက်ပံ့ ပေးအပ်လျက်ရှိရာ ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဦးရေ စုစုပေါင်း ၂၇၀၂ အိမ်ထောင်စုအတွက် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုများအထိသွားရောက်၍ အိမ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယမန်နေ့မှစ၍ ကွင်းဆင်းကာ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

မတူပီ၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာအချက်များအား ပြည်သူများသိရှိနိုင်ရေးအတွက် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခြင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခြင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ အသက်(၆)လမှ အထက်တန်း ကျောင်းသားအထိ ကလေးငယ်များအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ အသက်(၆)လမှ အထက်တန်း ကျောင်းသားအထိ ကလေးငယ် များအား ဗီတာမင်အေဆေးနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့ပေါ်(၃) ရပ်ကွက်ရှိ ကလေးငယ်များနှင့် ကျေးရွာအုပ်စုများရှိ ကလေးငယ်များအား ယမန်နေ့နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် စတင် တိုက်ကျွေး လျက်ရှိသည်။

ရှားတောမြို့နယ်၌ မိုးသီးနှံမိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မိုးသီးနှံ မိုးစပါးစံပြစိုက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တောင်ပိုင်းရပ်ကွက် နတ်စင်ကွင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောက်ထုမြို့နယ်တွင် ကျေးလက်ဖွံဖြိုးရေးလမ်းများ ကွင်းဆင်းစစ်ဆေး

ကျောက်ထု-မင်းတပ် မော်တော်ကားလမ်းမှ ကံကြီး-ပြင်လယ်-တောင့်ထက်-ရေရှင်ကျေးရွာအုပ်စု ရွာချင်းဆက်လမ်းတွင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဌာရေးနှစ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၏
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ