ပွင့်ဖြူ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် စိုက်ပျိုးရေးဒီပလိုမာအောင်မြင်သော ကျောင်းသားကျောင်းသူများအား ပဉ္စမအကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ပွင့်ဖြူမြို့စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရမည်းသင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကန်ထက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရေစကြို ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် စပ်မျိုးပြောင်း (စီပီပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စီပီပြောင်းခူးချွေရောင်းချချိန် ဈေးနှုန်းကောင်းရန် စပ်မျိုးပြောင်း(စီပီ)စိုက် ကျွန်းတောင်သူများဈေးနှုန်းကောင်းရရန် မျှော်လင့်နေကြကြောင်း ဗလဗကျေးရွာ စပ်မျိုးပြောင်း (စီပီ)စိုက်တောင်သူ ဦးဖိုးကျော်ထံကသိရသည်။
ပုလဲ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က အမှာစကားပြောကြားခဲ့သည်။
ရေဦး ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ အမှတ်( ၂ )အခြခံပညာအထက်တန်းကျောင်း ကျောင်းသားကျောင်းသူဟောင်းများ၏ (၁၆ ) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ အထက(၂)ကျောင်းတော်ကြီးတွင် တာ၀န်ထမ်းဆောင်ခဲ့ဖူးသောအသက်( ၆၀)ပြည့်အငြိမ်းစားဆရာကြီး ဆရာမကြီးများနှင့် ဒေသခံဆရာကြီး ဆရာမကြီးစုစုပေါင်း( ၇၉ ) ဦး နှင့် ကျောင်းသားကျောင်းသူဟောင်းများ စုံစုံညီညီတက်ရောက်ခဲ့ကြသည်။
ငဖဲ ဇန်နဝါရီ ၁၂
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို ယမန်နေ့က ရှောက်တောင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လိုက် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ တံတားဦးရပ်၌ ဓမ္မစကူးလ်(၅)နှစ်ပြည့် အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက တံတားဦးရပ် ဓမ္မာရာမဘုန်းတော်ကြီး ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ဇန်နဝါရီ ၁၂
တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပထမအကြိမ်နှစ်ဦးအကြို စုပေါင်းစက်ဘီးစီးပွဲနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးအသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက် ၆ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှေ့၌ ကျင်းပခဲ့သည်။
အဆိုပါ စက်ဘီးစီးနင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့သည်။
Copyright 2020