ကောလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ပညာသင်နှစ်၊မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ
ကောလင်း ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မြို့နယ်ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးတင်စိုးနှင့် ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မာမာအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။