ဦးစီးဌာန(ရုံးချုပ်)

၂၀၂၆ ခုနှစ် မိုးရာသီ လူထုလုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးရေးပွဲတော်များ မြို့နယ်အလိုက်ကျင်းပ

သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဌာနဆိုင်ရာများ စုပေါင်းပြီး    ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ‌တော်ကို ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်  မြို့နယ်များအလိုက် ကျင်းပဆောင်ရွက်မှုများအား စုစည်းဖော်ပြအပ်ပါသည်။

မြစ်ကြီးနားမြို့သို့ နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအိတ်များနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ ပေးပို့လာသည့် မော်တော်ယာဉ်များ တတိယအကြိမ် ထပ်မံရောက်ရှိ

မန္တလေး-ထီးချိုင့်-ကသာ-မိုးညှင်း-မြစ်ကြီးနားဆက်သွယ်‌ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့်ပေးပို့ခဲ့သည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအိတ်များနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တတိယအကြိမ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိလာခဲ့ရာ မြို့ဝင်မုဒ်ဦး၌ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ အိုးစည် ဒိုးပတ်များဖြင့် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်းနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

အမြို့မြို့အနယ်နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်း သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများက ဦးစီး၍ သတ်မှတ်ထားသည့် ရပ်ကွက်စုရပ်များတွင် လစဉ်ထိုးနှံပေးလျက်ရှိသည်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိ

၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဇွန် ၁ ရက် နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်လက်ခံထားရှိသော ကျောင်းသားကျောင်းသူများက စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ရေနံ့သာငါးလုပ်ငန်းစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မတ္တရာမြို့နယ်မှ တောင်သူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက မတ္တရာမြို့နယ်ရှိ ရေနံ့သာငါးလုပ်ငန်းစခန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့မစိုက်ပျိုးရေးပညာပေးစခန်း၌ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက ပုသိမ်ကြီးရှိ အောင်ဇမ္ဗူခန်းမ၌ ကျင်းပသည်။

ညောင်ဦးမြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်စတင် လက်ခံလျက်ရှိရာ ကျောင်းအပ်နှံသူများပြားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းသားကျောင်းသူများအား မေ ၂၅ ရက် နံနက်  ၉ နာရီက စတင်၍ ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/ကျောင်းသူများ များပြားလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်(ဆ/က)ရပ်ကွက်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်‌ငွေတိုးရေးစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းများအနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ  အခမ်းအနားကို မေ ၁၉ ရက် နံနက်ပိုင်းက (ဆ/က) ရပ်ကွက်၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)