ဦးစီးဌာန(ရုံးချုပ်)

ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံသစ် အသုံးပြုခြင်း ဆရာဖြစ် သင်တန်း

ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် ကျန်းမာရေးစီမံကိန်းလုပ်ငန်းများထိရောက်အောင်မြင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Save the Children တို့ ပူးပေါင်းလျက် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံသစ် အသုံးပြုခြင်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆရာဖြစ်သင်တန်းကို ယနေ့ နံနက် ပိုင်းတွင် ဆောမြို့ သမဝါယမအသင်းစုလီမိတက် ခန်းမတွင် ကျင်းပကြောင်း သိရသည်။

နောင်တရားမြို့ ရွှေဘုန်းပွင့်ပညာဒါနကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၄၁.၁၃ရာခိုင်နှုန်းရှိ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ရွှေဘုန်းပွင့်ပညာဒါနကျောင်းမှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုသူ (၂၆၅)ဦး ရှိပြီး ဩဂုတ်လ ၉ ရက်နေ့တွင် ထွက်ရှိသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်း(၁၀၉) ဦး အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၄၁.၁၃ရာခိုင်နှုန်းရှိကြောင်း ၊ အောင်မြင်သူများအနက် ဇီဝဗေဒဘာသာ ဂုဏ်ထူး ရရှိသူ ၄ ဦး၊ ဘောဂဗေဒ ဘာသာ ဂုဏ်ထူးရရှိသူ ၁ ဦး၊ သင်္ချာဘာသာ ဂုဏ်ထူးရရှိသူ ၁ ဦး၊ ရိုးရိုးအောင်မြင်သူ(၁၀၃)ဦး ဖြစ်ကြောင်း သိရှိရ သည်။

မြစ်သား၌ မီးသတ်မျှော်စင်တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြစ်သားမြို့နှင့် နီးစပ်ရာကျေးရွာများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် မီးသတ်မျှော်စင် တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ရှမ်းပွဲရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက် (မင်းကရုဏာရှင် လူမှုကူညီရေးအသင်း) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ (Facility Quarantine Centre) တွင် ၂၁ ရက် စောင့်ကြည်ထားသူများကို ကိုဗစ် − ၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေး နှာခေါင်းတို့ပတ်နှင့်အာခေါင်တို့ပတ် စစ်ဆေးရယူ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကော့သောင်းမြို့မှ လွှဲပြောင်းပေးအပ်သည့် ပြည်ပမှပြန်လာသူ (၂၈) ဦးကို ကရသူရိမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဓမ္မာရုံ (Facility Quarantine Centre) တွင် ၂၁ ရက် စောင့်ကြည်ထားပြီး ယမန်နေ့က ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေး နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် စစ်ဆေးရယူခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဟားခါးမြို့၌ ရွေးကောက်ပွဲအငြင်းပွားမှု စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ IFES(INTERNATIONAL FOUNDATION FOR ELECTORAL SYSTEM) ၏ ကူညီပံ့ပိုးမှုဖြင့် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသင်တန်းခန်မ၌ နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ အငြင်းပွားမှုစေ့စပ်ညှိနှိုင်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးသည်။

ဖလမ်းခရိုင်အတွင်း အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြ မည့် ဖလမ်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးက အမည်စာရင်း တင်သွင်း ထားကြသော နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ် စားလှယ်လောင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဖလမ်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်မှစကာ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဟိုပင်၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အ.ထ.က ဟိုပင်စာစစ်ဌာနမှ ဝိဇ္ဇာဘာသာတွဲဖြင့် ပြည်နယ်အဆင့် ပထမနှင့် ဗဟိုအဆင့် Top 5 ရရှိ

ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့၌ ၂၀၂၀−ပြည့်နှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို သြဂုတ် ၉ ရက်နေ့ နံနက်က အွန်လိုင်းစနစ်ဖြင့် ထုတ်ပြန်ခဲ့ပြီး သြဂုတ် ၁၀ ရက်နေ့တွင် စာစစ်ဌာနများဖြစ်သော အ.ထ.က ၁၊ အ.ထ.က မြသီတာ ကျောင်းများ၌ အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ

ဖားကန့်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ ရေနစ်မြုပ်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ဥရုချောင်းအထက်ပိုင်း ကံဆီး၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ဥရုချောင်းရေ ၈ ပေခန့် မြှင့်တက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ချောင်းရေမြင့်တက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင် (၁၀) မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများကို ကျန်းမာရေးစစ်ဆေး

မွန်ပြည်နယ် မော်လမြိုင် (၁၀) မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများထဲမှ (၂၄၀) ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ယနေ့နေ့လယ်က ပြုလုပ် ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး
Subscribe to ဦးစီးဌာန(ရုံးချုပ်)