ဦးစီးဌာန(ရုံးချုပ်)

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲပြုလုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်နည်းစနစ် စိုက်ပျိုးသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာ၊ တောင်သူဦးထွန်းစိန်၏ လယ်မြေ(၄)ဧကတွင် ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူကျော်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

တနိုင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက် (၂၉.၁၀)ရာခိုင်နှုန်းရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ၏ အောင်မြင်မှုစာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးရွာများအား ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

မင်းတပ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကျင်းပ

ချင်းပြည်နယ် မင်းတပ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကလေးမြို့နယ် ချင်းဆိုင်ကျေးရွာတွင် SRI စိုက်နည်းစနစ်ဖြင့် ဧရာမင်းစပါး (FS -RS) မျိုးအဆင့် စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု ချင်းဆိုင်ကျေးရွာတွင် SRI စိုက်ပျိုးနည်းစနစ်ဖြင့် ဧရာမင်းစပါး (FS-Rs) မျိုးအဆင့် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဒေါ်ခင်သိန်းမြင့် (ခေါ်) ဒေါ် အဲလေး၏ လယ်မြေအတွင်းတွင်စိုက်ပျိုးကြသည်။

တွန်းဇံမြို့နယ် မွှာလ်ကွေးကျေးရွာတွင် မြေပြိုကျမှုကို ဖယ်ရှားရှင်းလင်းပြီးဖြစ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မွှာလ်ကွေးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၃)ရက်နေ့ ညမိုးရွာသွန်းမှုကြောင့် ယနေ့နံနက်(၄)နာရီ အချိန်ခန့်တွင် မြေပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

ရွှေကူမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဖားကန့် ဝှေခါမှော် မြေပြိုကျမှုဖြစ်ပွားခဲ့ရာကျင်းဘက်သို့ ထပ်မံမြေပြိုကျနိုင်သည့် ရပ်ကွက်အချို့မှ နေအိမ်များအား ယာယီပြောင်းရွှေ့ရန်နေရာများ စီစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်ရပ်နားထားရာ ကျင်းဘက်သို့ မြေပြိုကျနိုင်သည့် ရပ်ကွက်အချို့မှ နေအိမ်များအား ယမန်နေ့က ယာယီ ပြောင်းရွှေ့ရန် နေရာစီစဉ်လျက်ရှိနေကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ထံမှ သိရသည်။

ပူတာအိုမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီကကြီးမှူး၍ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးဗီနိုင်းပို စတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၆)နာရီခွဲက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘားအံမြို့နယ်၊ မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်အတွင်း COVID−19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပေးဗီနိုင်းများ စိုက်ထူ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘားအံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်စုအတွင်း ကျေးရွာများတွင် COVID−19 ရောဂါအကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပေးဗီနိုင်းများ စိုက်ထူခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)