ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက်တွင် ပြည်သူများလက်ဝယ်အရောက် ဆီ၊ ကြက်ဥနှင့် သား/ငါးများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းနှင့် သန့်ရှင်းရေးဌာနမှ ယနေ့နံနက် ၇ နာရီက ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းသွယ်၌ ရပ်ကွက်နေပြည်သူများကို ဆီ၊ ကြက်ဥနှင့် သား/ငါးများကို ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြောင်းသိရသည်။