သထုံမြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့်အခြေအနေများ ရှင်းလင်းဆွေးနွေး
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည့် အခြေအနေများကို ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူတို့အား ယမန်နေ့ နံနက်က အ.ထ.က (၁)ကျောင်း နဝဒေးခန်းမ၌ သက်ဆိုင်ရာ ဌာနများက ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။