လက်ပံတန်းမြို့နယ်တွင် အခြေခံပညာအထက်တန်း/အလယ်တန်း ကျောင်းသား/သူ (၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac ) ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်
"ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ် နိုင်ငံတစ်ဝှမ်း ထိုးနှံပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်ရှိ ကျောင်းသား/သူ(၄၆၈၇)ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေး ပြီးဖြစ်ကြောင်း သိရသည်။