ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း(mask)အခမဲ့ဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား /ကျောင်းသူများ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံရေးအသိပညာ ပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ကားဂိတ်နှင့် မြို့နယ်ရုံး ရှေ့တွင် ဆောင်ရွက်ခဲ့သည်။