ဦးစီးဌာန(ရုံးချုပ်)

မုံရွာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး  

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မုံရွာမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်/သီလရှင်များနှင့် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ အတွက် ကိုဗစ်-၁၉ရောဂါ မပြန့်ပွား မကူးစက်စေရေးအား အထူးအလေးထားကာ နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ မုံရွာမြို့ပေါ်ရှိ  တိုင်းဒေသကြီး ပြည်သူ့ အားကစားကွင်း အတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် တိုင်းအားကစားကွင်း(ဖူဆယ်)၊ ကျား(၁၂၀)ဦး၊ မ(၂၀၂)ဦး၊ ပေါင်း(၃၂၂)ဦး နှင့် မိုးလုံလေလုံ အားကစားရုံခန်းမတွင်  ကျား(၁၃၅)ဦး၊ မ(၁၇၆)ဦး၊ ပေါင်း(၃၁၁)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (အလုံ)တွင် ကျား(၁၄၃)ဦး၊ မ(၁၇၅)ဦး၊ ပေါင်း(၃၁၈)ဦး၊ ဘိုးဘွားရိပ်သာတွင် ကျား(၂၇)ဦး၊ မ(၄၀)ဦး၊ ပေါင်း(၆၇)ဦး စသည့် ဆေးထိုးစုရပ် (၄)နေရာတို့တွင် ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ကျား(၄၂၅)ဦး၊ မ(၅၉၃)ဦး၊ ပေါင်း (၁၀၁၈)ဦးတို့အား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် လယ်ဝေးမြို့နယ် ဘုရားကြီး ကျောင်းတိုက် တွင် သီတင်းသုံးလျက်ရှိသော ရဟန်း ၊ သာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ဘုရား​​ကြီး​ကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိသော ရဟန်း၊ သာမဏေများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ အမျိုးသားတစ်ဦး နွားကျောင်းနေစဉ် ကျားကိုက် ခံရမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျောင်းကုန်းကြီးကျေးရွာနေ အမျိုးသားတစ်ဦး ယနေ့မွန်းလွဲ ၁ နာရီခွဲက နွားကျောင်းနေစဉ် ကျားကိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လားရှိုးမြို့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးအပြီးသတ်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ အဘိုး/အဖွားများ၊ အရှေ့ခါးရိုး ကျောင်းတိုက်နှင့် ပန်အုတ်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များကို ဩဂုတ်လ လဆန်းပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းအချိန်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အပြီးသတ်ထိုးနှံပေးခဲ့သည်။

မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ရောဂါ ဝေဒနာရှင်များအတွက် အောက်ဆီဂျင်(၃၅၀)လုံးလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ဝေဒနာရှင်များ အသုံးပြုရန်အတွက် United KMK/Myeik ကုမ္ပဏီက မြဝတီမြို့များမှ အောက်ဆီဂျင်(၄၀)လီတာအိုး (၃၅၀)လုံးသယ်ယူလာသည့် မော်တော်ယာဉ် မြိတ်မြို့သို့ရောက်ရှိ၍ ဩဂုတ်လ(၂၈)ရက် နံနက်ပိုင်းတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဌာနီရှေ့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းသို့ အလှူငွေ(၃)သိန်းကျပ်နှင့် ကြက်ဥအလုံး(၁၀၀၀)လှူဒါန်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၁)၊ ၉ လမ်း၊ ၇၈ လမ်း နှင့် ၇၉ လမ်းကြား၊ အရိပ်မထွက်ဆုတောင်းပြည့် မြတ်စွာဘုရားအရှေ့မုဒ်ရှိ ဌာနီရှေ့နယ်လုံးဆိုင်ရာ လူမှုကူညီရေး အသင်းသို့ အလှူရှင် Myanmar CP Iivestock CO, Ltd မိသားစုမှ ယနေ့နံနက် ၁၀ နာရီခွဲက အလှူငွေ (၃)သိန်းကျပ်နှင့် ကြက်ဥအလုံး(၁၀၀၀) လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်ပြည်သူ့ဆေးရုံကြီး၊အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

လွိုင်လင်မြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားမျာအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆေး (Sinophram) အားဒုတိယ အကြိမ်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် အမှတ်( ၁ ၊ ၂ ၊ ၃ )ရပ်ကွက်များရှိ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားမျာအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်မှစတင်၍ အထက(၁)အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကျန်ရှိသောအမှတ်(၄)ရပ်ကွက်အား ဩဂုတ်လ ၂၉ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteerများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် ဆေးရုံဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ခြင်းအခမ်းအနားကို အဆိုပါ ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မိုးတွင်းကာလ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ၃၃ ကေဗွီဓာတ်အားလိုင်း တစ်လျှောက်ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)