ဦးစီးဌာန(ရုံးချုပ်)

မြိတ်မြို့တွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်း

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှု စီးပွားဘဝ မြှင့်တင်နိုင်စေရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ် ခဲ့သည့် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)ကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် ဆန်စက် လုပ်သား၁၀၆၄ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီ မှစတင်၍ မြို့နယ်အတွင်းရှိ ဆန်စက်အလုပ်သမား (၁၀၆၄)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အထောက်အကူ ပြုနိုင်ရန်အတွက် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့က စေတနာရှင် အလှူရှင် များက မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်လှူဒါန်း ကြောင်း သိရသည်။

ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက် ဧက(၁၀၄၀)စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက် ဧက(၁၀၄၀) စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀)ကျော် ချေးငွေအား (၁၄)ကြိမ်မြောက် ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ မူလတန်းလွန် ကျောင်း ဟောခန်းမ၌ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ရုံး ဦးစီးမှူးနှင့် ဌာနဝန်းထမ်းများက ရွာကြီးအင်းကျေးရွာ ဒေသခံပြည်သူများအား မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀) ကျော်

အင်တောမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုးအဘွား များနှင့် ဦးစားပေးအဆင့်လိုက် ပထမအကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသူများအား ယနေ့နံနက်ပိုင်းက အမှတ်(၄)တပ်မတော်ဆေးရုံခုတင်(၁၀၀)ဗထူးမြို့မှ ဗိုလ်ကြီးသိန်းထိုက်နှင့် အဖွဲ့တို့က အင်တောတိုက်နယ်၊ ကျောက်ဂူတိုက်နယ်ဆေးရုံတို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး အဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူ(၆၃၈)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ အထက -၁၊ အထက -၃ ကျောင်းခန်းမများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ စက်တင်ဘာ ၄ရက်၊နံနက်၉နာရီက ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm ) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ် ထားရှိသူများအား   မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နမ္မတူတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယမန်နေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)