ဦးစီးဌာန(ရုံးချုပ်)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့တို့တွင် အလှူရှင်များ ပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံများမကြာမီတည်ဆောက်နိုင်တော့မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူတည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိရာ မကြာမီကာလအတွင်း စက်ရုံများ စတင်တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်းများနှင့် ဘုန်းကြီးကျောင်းများသို့ Oxygen Concentrator အလုံး ၄၅၀ လှူဒါန်း

မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်း များနှင့် ဘုန်းကြီးကျောင်းများသို့ တစ်လုံးလျှင် ၉သိန်း ၆သောင်းတန် Oxygen Concentrator အလုံး ၄၅၀ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

"ကိုဗစ်-၁၉ ရောဂါဟာ ပြည်သူတစ်ရပ်လုံး စည်းကမ်းလိုက်နာပြီး ရောဂါကာကွယ်ရေး လုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို အမြန်တွန်းလှန်နိုင်မည်ဖြစ်"

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ လင်းထိုက်အား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့ကတွေ့ဆုံမေးမြန်းထားပါသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီအိုး(၁၄၂၇)လုံးနှင့်အခြားကျန်းမာရေး အ‌ထောက်အကူ ပစ္စည်းများ ထပ်မံဝင်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက်အကူပစ္စည်းများဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၂) နာရီအချိန်က တစ်လုံးလျှင ်အောက်ဆီဂျင်(၄၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၁၄၂၇)လုံးနှင့် အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၇၀၉)လုံး၊ နှာခေါင်းစည်း(Mask)(၃၉၈၀)ဖာ၊ တစ်လုံးလျှင်(၂၀)လီတာဆန့် အောက်ဆီအိုး အလွတ် (၂၄၀) လုံး၊ မီတာခွက်၊အောက်ဆီဂျင်(Mask)(၃၀၀)ဖာများ တင်ဆောင်လာသည့် မော်တော်ယာဉ် များထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့သော တစ်လုံးလျှင် အောက်ဆီဂျင်(၄၀) လီတာဆန့် အောက်ဆီဂျင်အိုး အလွတ်(၁၄၂၇)လုံးနှင့် အခြားကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ချင်းရွှေဟော်မြို့ရှိ၊ စီတိုဂိုဒေါင် နှင့် ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဒေါင်၊ ရွှေတြိဂံ ဂိုဒေါင်များ၌ ခေတ္တချထားပြီး ၎င်းဂိုဒေါင်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမြို့နယ် များသို့ ဆက်လက်ပို့ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စီမံ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြို့နယ်အတွင်းရှိ ရုံးဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စီမံဆောင်ရွက် ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး (၃၇)ဦး ထပ်မံ စစ်ဆေးတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါပိုး (၃၇) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

သာစည်မြို့နယ် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုများကွင်းဆင်း ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် အတည်ပြုလူနာ(၅၆)ဦးထိရှိလာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇူလိုင်(၁၁) ရက်နေ့မှ ယနေ့အထိ အတည်ပြုလူနာ(၅၆)ဦး ထိရှိလာကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ လူနာသစ်(၂၄၁)ဦးရှိ

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မား လျက်ရှိပြီး ယမန်နေ့ ညနေပိုင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၂၄၁)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၂၅၄၁)ဦး အထိရှိလာ ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၈)ဦး ထပ်မံတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၁၈)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)