ဦးစီးဌာန(ရုံးချုပ်)

မိုးညှင်းမြို့နယ်မြေနုကျေးရွာ၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီခန့်က မြို့သစ်ကလေးကျေးရွာအုပ်စု၊ မြေနုကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။

ရွာကိုင်းကောင်းကျေးရွာ၌ အခြေခံဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်လှစ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးနှင့် ဒေသနေပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ပိုင်ကျုံမြို့၊ ရွာကိုင်းကောင်းကျေးရွာအုပ်စု၊ ရွာကိုင်းကောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံံ၌ အခြေခံဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့ တာဘောင်ကြီးလမ်း၌‌ ရေစီးရေလာကောင်းမွန်‌စေရေး အုတ်ရေမြောင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မိုးရာသီကာလ အတွင်း ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍရေးနှစ် ရန်ပုံငွေဖြင့် တာဘောင်ကြီးလမ်း အုတ်ရေမြောင်းဒုတိယအပိုင်းကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများထားရှိ

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်းပိုစတာများကို ယမန်နေ့ နေ့လယ် ၃ နာရီက ရန်ကင်းမြို့နယ် ရပ်ကွက်များအတွင်းရှိ လမ်အဝင်အထွတ်ဂိတ်များ စျေးများတွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။ ဗီနိုင်းပိုစတာများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကိုရှေးရူ့၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်ပြီး အပူရှိန်မြင့်တက်ပါက လည်းကောင်း၊ သံသယလက္ခဏာများ တွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် pulse Oximeters ဖြင့် သွေးအောက်ဆီဂျင် (So 02) တိုင်းတာခြင်းများဆောင်ရွက်ပြီး So 02(၉၂%) ရှိသော ခရီးသွားပြည်သူများအား ခတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် ၉၂%နှင့် အောက်ရှိပါက RDT ဖြင့် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး ဆေးစစ်ကုန်ကျစရိတ်သတ်မှတ်နှုန်းထားကို ကာယကံရှင်မှ ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းအား ရန်ကုန်တိုင်းဒေသကြီး မြို့အ၀င်/ မြို့အထွက် ဂိတ်များတွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးခြင်းများ ပါရှိကြောင်းသိရသည်။

ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ထိရောက်စေရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်

ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့်  စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ် ဖြင့် ရောင်းချရန် မြို့နယ်စည်ပင်သာယာအဖွဲ့မှ အမိန့်ညွှန်ကြားချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန်အသိပေး နိုးဆော်ထားကြောင်း သိရသည်။ 

ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့နံနက်၁၀နာရီက မြို့သစ်ရပ်ကွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီ)ရုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် Covid -19 Positive လူနာ (၂)ဦးထပ်မံတွေ့ရှိ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသပြီး Covid-19 ရောဂါပိုး ရှိ/မရှိ Tesk Kit စစ်ဆေးခဲ့ရာ  ပိုးတွေ့လူနာ(၂)ဦး ထပ်မံတွေ့ရှိကြောင်း  သိရှိရသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ရှင်ဗွေယန်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ပေါ်(၄)ရပ်ကွက်ရှိ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇူလိုင်လ(၅)၊ (၆)ရက်၊ နံနက်(၉)နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံတိုက် ကျွေးပေးလျက် ရှိသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ မှ မိုးစပါးလျာထားဧက (၂၉၇၄)ဧကအတွက် ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိ

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းရှိ မန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၂၉၇၄) ဧကအတွက် စတင် ပျိုးထောင်စိုက်ပျိုးနိုင်ရန် ယမန်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှ သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)