ဦးစီးဌာန(ရုံးချုပ်)

ကော့ကရိတ်မြို့ ဇိနသုခလောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၂၉)ကြိမ်မြောက် နေ့၊ ည အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်  ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ညနေ ၁နာရီအချိန်က ကော့ကရိတ်မြို့ ကျက်သရေဆောင်ဖြစ်တော်မူသော ဇိနသုခ လောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

ကော့ကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စာပေဗဟုသုတ ပြည့်စုံစေရန်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို ဝန်ထမ်းများအနေဖြင့် သိရှိပြီး လိုက်နာ​ဆောင်ရွက်နိုင်ရန်၊ အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ် အသိအမြင်များ ရရှိပြီး ပြန်လည်မျှဝေတတ်စေရန် ရည်ရွယ်၍ နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည့် နိုင်င်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က အဆိုပါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကင်းမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ရန်ကင်းမြို့နယ်အမှတ် ( ၃) ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌  ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ရီထွန်း၊ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။

ကျွန်းလှမြို့နယ်၌ ဖူဆယ်ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အသက်(၂၅)နှစ်အောက်၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၇)နာရီက ရွှေကျွန်းလှ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။

လမိုင်းမြို့၌ သဘာဝဘေးအန္တရာယ်နှင့် သစ်တောကဏ္ဍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ လမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့်သစ်တောကဏ္ဍအသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့ နံနက် ၁၀နာရီခန့်က လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်ရှိ တောင်သူများအား ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက် ထုတ်ချေးပေးလျက်ရှိ

မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်အတွင်းရှိတောင်သူများအား ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများအား ဇွန်လ၁ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ထိ စိုက်ပျိုး စရိတ် ချေးငွေပေါင်း (၁၁၇၉၀၀၀၀၀) သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်

မြစ်ကြီးနားခရိုင်၊တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် တွင် ဝန်ထမ်းများစာပေဗဟုသုတရရှိစေရန်၊ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိ လာစေရန် ရည်ရွယ်၍ ယနေ့ညနေ(၃)နာရီတွင် စာဖတ်ဝိုင်း ပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့နယ်အတွင်းရှိ လမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်း ခင်းခြင်းများ ဆောင်ရွက် 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်းများ တိုးတက်ကောင်းမွန် စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်တို့အတွက် ကွန်ကရစ် လမ်းများခင်းခြင်း၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
Subscribe to ဦးစီးဌာန(ရုံးချုပ်)