ဦးစီးဌာန(ရုံးချုပ်)

ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန ၏၂၀၂၁-၂၀၂၂ပညာသင်နှစ် ဝန်ထမ်းသား၊သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း  သိရသည်။

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

(၄၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ဂန့်ဂေါတွင် ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဂန့်ဂေါ စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား (၄၇) ကြိမ်မြောက်အောင် လက်မှတ် များနှင့် လှူဖွယ်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ဂန့်ဂေါမြို့ သာသနာ့ ဗိမာန် တော်ကြီးတွင် ပြုလုပ်ခဲ့သည်။

နာဂဒေသ ထန်ပါခွေမြို့၌ တောင်ယာစပါး စိုက်ခင်းများတွင် စုပေါင်းကြွက်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ယခင်နှစ်ကတောင်ယာ စပါး(၁၃၂၁) ဧက စိုက်ပျိုးထုတ်လုပ်ခဲ့ရာ ယခုနှစ်တောင်ယာစပါး စတင်စိုက်ပျိုးချိန်တွင် ကြွက်များ လာရောက်၍ စပါးမျိုးစေ့များအား တူးဖော်ဖျက်ဆီးလျက်ရှိကြောင်းသိရှိရ၍ ကြွက်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ပြည်မြို့နယ် ဝက်ထီးကန်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြည်မြို့နယ် အမှတ်(၂)ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကျင်းပရာ အခမ်းအနားသို့ အလုပ်သမားလူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၄) ဦးအောင်မင်း နှင့်တာဝန်ရှိသူများတက်‌ရောက်သည်။

ပုသိမ်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ  ဘိုးဘွားများအား ဧရာဝတီ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နော်သာဝါးနှင့် ဝန်ထမ်းများကအမှတ် (၂) ရပ်ကွက်နှင့် ပုသိမ်မြို့ပေါ်ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်

ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံ ငွေကျပ် ၁၀၀ဖြင့် ကျေးရွာ လူထုကိုယ်တိုက်စီမံခန့်ခွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ပျော်ဘွယ်မြို့ MGM စက်သုံးဆီအရောင်းဆိုင်တွင်မီးလောင်မှုဖြစ်ပွား

ပျော်ဘွယ်မြို့မှ ရမည်းသင်းမြို့သို့သွားသော ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ မင်းလမ်းကျေးရွာအုပ်စု၊ ဆားတောင်ကျေးရွာအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် MGM စက်သုံးဆီဆိုင်တွင် ယနေ့နံနက် (၁၁)နာရီ၃၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား အပတ်စဉ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား အပတ်စဉ် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)