ဦးစီးဌာန(ရုံးချုပ်)

မတူပီမြို့၌ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ် နိုင်ရေး အတွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မတူပီမြို့၊ ဘုံတလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၁) ဒုတိယနေ့ ကျင်းပ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ဒုတိယနေ့) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြသည်။

အမျိုးသားတစ်ဦး အနံ့ပျောက်နေသဖြင့် RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု ၊ နမ်တောကျေးရွာရှိ ရွှေဥရုမန်းကား အသင်းမှ ဂိတ်မှူး အသက် (၃၂)အရွယ် အမျိုးသားတစ်ဦးသည် အနံ့ပျောက်နေသဖြင့် ယမန်နေ့ နံနက် (၁၁)နာရီခွဲတွင် ဟုမ္မလင်း (အထက-၁) CBFQ နေရာသို့ သွားရောက်၍ RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ပြည် သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ပို့ဆောင်၍ ဆေးကုသမှုခံ ယူလျက်ရှိ ကြောင်းသိရသည်။

မီးဘေးသင့်ပြည်သူများအား ထောက်ပံ ပစ္စည်းများပေးအပ်

ကော့သောင်းမြို့၊ ရွေပြည်သာရပ်ကွက်မှ မီးဘေးသင့်ခဲ့သည့် မိသားစုများအား ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ မှ ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများသွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ငွေနှင်းမှိုစနစ်တကျစိုက်ပျိုးနိုင်ရေး ကွင်းဆင်းနည်းပညာပေး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်းတွင် ပြည်သူများ စိုက်ပျိုးထားသော ငွေနှင်းမှိုစိုက်ပျိုးမှုကို စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် မရမ်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရေရှားပါးသည့် ကျေးရွာများတွင်ပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိစေရန်အတွက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဏာရေးနှစ် ရန်ပုံငွေဖြင့် မရမ်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် က မွန်ပြည်နယ် (ကျေး/လက်)ဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင် ၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင် ၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်း မော် ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဘားအံမြို့တွင် Green House နှင့် Demonstration Farm(၄)ဧကအား လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာန၏ ကမော့ကပို မျိုးစေ့ခြံတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သော Green House တည်ဆောက်ခြင်းနှင့် အစက်ချရေ ပေးစနစ် Demonstration Farm (၄) ဧက လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရ သည်။

လိပ်သိုဒေသတွင် ရော်ဘာစျေးကွက် ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေးလုပ်ငန်း အရ သီးနှံများစွာရှိသည့်အနက် ရော်ဘာပင် စိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ် ကြောင်း သိရပါသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)