ဦးစီးဌာန(ရုံးချုပ်)

ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဖလမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

မြို့လှတွင် သဘာဝမြေဆွေးပြုလုပ်နည်းနှင့် သဘာဝ ပိုးပြေးဆေး၊ ပိုးသတ်ဆေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ရှိ တောင်သူများအနေဖြင့် သွင်းအားစုများ လျှော့ချပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝမြေဆွေးပြုလုပ်နည်းများအသုံးပြုခြင်းဖြင့် မြေဆီလွှာ များကောင်းမွန်လာစေပြီး သီးနှံများသဘာဝအလျောက် ကြီးထွားနှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ မြို့လှမြို့၊စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်နည်းနှင့် သဘာဝပိုးပြေးဆေး၊ ပိုးသတ်ဆေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဦးခင်မောင်သန်း၏ စိုက်ပျိုးရေးခြံအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကနီမြို့နယ်အတွင်းရှိ ဆင်းသုခစပါး မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများမှ ဆင်းသုခ စပါးမျိုးစေ့များ စုပေါင်းလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ မိုးလို မိုးခေါင်၍ မိုးစပါးပျက်စီးခဲ့ပြီး အမှန်တကယ်မျိုးစေ့ လိုအပ်ချက်ရှိသော တောင်သူများအတွက် ဆင်းသုခ စပါးမျိုးစေ့ စုပေါင်းထောက်ပံ့ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ကနီမြို့နယ် တဇယ်ချောင်းကျေးရွာ၊ တောင်သူ ဦးတင်ငွေ နေအိမ်နှင့် ကင်းတောင်အုပ်စု ခိုတွင်းကျေးရွာ တောင်သူဦးချင်းစိန်တို့၏ နေအိမ်များတွင် မျိုးစေ့ထောက်ပံ့ လှူဒါန်းခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။

မေတ္တာမြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျေးလက်ကျန်းမာ ရေးဌာန(ခွဲ)၌ မွေးကင်းစမှ အသက် (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီက ဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုငွေဖြင့် အုံးနှောက်- မြစ်ကိုင်းနှင့် ကျင်း- အထက်ကျော်ကြားတွင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ဂန့်ဂေါခရိုင် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင် ၊ တာဝန်ရှိသူများတို့နှင့်အတူ ဇန်နဝါရီ ၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

GAP စိုက်နည်းစနစ်ဖြင့် ဖရဲသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ တောင်သူများ လယ်သီးထပ် ဖရဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (Good Agricultural Practices) စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးနိုင်ကြစေရန် အဆိုပါ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆောင်းရာသီကာလအတွင်း၊ ကွမ်းရွက်စျေးနှုန်းများမြင့်တက်၍ ကွမ်းစိုက် တောင်သူများအနေဖြင့် ဝင်ငွေ ကောင်းကာ အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာတွင် ကွမ်းနုဝါခြံများ စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလုပ်သူများအနေဖြင့် ယခုအချိန် ဆောင်းရာသီကာလအတွင်း ကွမ်းနုဝါ (၁) ပိဿာကို (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ စျေးကောင်းရရှိကာ ရောင်ချရလျက်ရှိသဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်း သာသနာ့ ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယမန်နေ့ မွန်းလွဲ ပိုင်းကဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် ထားသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)