ကျွန်းစုမြို့တွင် Online မှ ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။