ဦးစီးဌာန(ရုံးချုပ်)

ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ‌ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လိုက်နာ နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်း တောင်တန်းများ စိမ်းလန်းစိုပြည်ရေး တောင်တန်း စိုက်ခင်း ဧက(၉၀၀) ဖော်ဆောင်သွားမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်းရှိ တောင်တန်းများ စိမ်းလန်းစိုပြည်ရေး တောင်တန်းစိုက်ခင်း ဧက(၉၀၀)ကို အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦးထံမှ သိရသည်။

မင်းလှမြို့နယ်၌ Quarantine ထားရှိသူများနှင့် ဒေသတွင်းကူးစက်ရသူနှင့်ထိစပ်ခဲ့သူ၏ Swab နမူနာများအား RDT test kit ဖြင့်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၉၂)ဦးနှင့် ဒေသတွင်းကူးစက်ခံရသူ(၂)ဦး နှင့်ထိစပ်ခဲ့သည့်(၂၆)ဦး၏ Swab နမူနာများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနက RDT test kit ဖြင့် ဓာတ်ခွဲခန်းစစ်ဆေးရန် ယမန်နေ့က ရယူခဲ့ကြောင်းသိရသည်။

ကော့သောင်း မြို့နယ်အတွင်းရှိ ပရဟိတအသင်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ခွဲဝေပေးအပ်

ကော့သောင်းခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ပေးသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံး အထောက်အကူပြု ပစ္စည်းများအား ကော့သောင်းမြို့နယ်အတွင်း ဘော်လံတီယာလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များသို့ ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့ ပုလုံးတုံတုံးတံတားပေါ်တွင် ပြန်လည်ခွဲဝေပေး အပ်ခဲ့ ကြောင်းသိရသည်။

ပန်ဆောင်မြို့တွင် ဆင်းဧကရီ-၃ မိုးစပါး စံကွက်ရိတ်သိမ်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသော ဆင်းဧကရီ-၃ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများတွင် ထွက်နှုန်းခန့်မှန်းနိုင်ရန် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ပြောင်းဖူးများ ၀ယ်လိုအားနည်းသည့််အတွက် ပြောင်းစျေးနှုန်းများကျဆင်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်ကုန် တစ်မျိုးဖြစ်သော ပြောင်းဖူး များကို ကိုဗစ်-၁၉ ကာလအတွင်း ၀ယ်လိုအားနည်းတာကြောင့် ယခင်နှစ်က ပြောင်းတစ်ပိဿလျှင် ငွေကျပ် ၅၀၀ ၀န်းကျင် ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၄၀၀ ၀န်းကျင်သာရှိပြီး ‌စျေးနှုန်း ကျဆင်း နေကြောင်း ဒေသခံ ပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လွိုင်လင်မြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးအနက်(၂)ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦးရှိရာ လွိုင်လင်ပြည်သူ့ဆေးရုံ ဆေးတပ်ဆွယ်အဆောင်တွင် သီးခြားစောင်းကြည့် ကုသမှုပေးထားပြီးနောက် (၂)ဦးအား ယနေ့ နံနက်(၁၀)နာရီတွင် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ကျန်တစ်ဦးကို ဆက်လက်ကုသပေးလျက်ရှိကြောင်းသိရသည်။

လားရှိုးတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း (၅)ဦးတွေ့ရှိ

လားရှိုးမြို့ရှိ Facility Quarantine နှင့် Hotel Quarantine တွင်အသွားအလာ ကန့်သတ်ထား (၂၅၄)ဦး တို့အား လားရှိုးမြို့နယ် ကျန်းမာရေး ဦးစီးဌာနက အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့ကို မူဆယ်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ယမန်နေ့တွင် ထွက်ရှိလာသော အဖြေရလဒ်များအရ လားရှိုးမြို့ ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားသော Facility Quarantine Center မှ အမျိုးသား (၃)ဦးနှင့် Hotel Quarantine မှ အမျိုးသမီး (၁)ဦး၊ နောင်မွန် ကျေးရွာတွင် Home Quarantine ထားရှိသော အမျိုးသမီး(၁)ဦး စုစုပေါင်း (၅)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ခဲ့ရသည်ဟု လားရှိုးမြို့နယ် ကိုဗစ်(၁၉)ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံက သိရသည်။

မင်းလှမြို့နယ် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၂) ရပ်ကွက်၊ အ.ထ.ကမင်းလှ (မြို့တွင်း)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ထုတ်ပြန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ညမထွက်ရ ရုံးအမိန့်အမှတ်၁၅/၂၀၂၀ကို ထုတ်ပြန် ထားကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)