ဦးစီးဌာန(ရုံးချုပ်)

ဖယ်ခုံမြို့နယ်၌ အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များ၏ အုပ်ချုပ်ရေးမှူး ရုံးများတွင် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။

ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အလုံမြို့နယ်အ-ထ-က(၇) အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ နေ့လယ်စာထမင်းဘူး(၁၀၀)လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ  အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်​နေ့က   ​နေ့လယ်စာအတွက်  ထမင်းဘူးများလာ​ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်  သံ​​ဝေလူမှုကူညီရေးအသင်း သို့ လူနာတင်ယာဉ်တစ်စီးလာရောက်လှူဒါန်း

အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရည်ရွယ်ကာ  ရန်ကုန် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ သံ​ဝေဂလူမှုကူညီရေး အသင်းသို့  ယနေ့၊ နံနက်ပိုင်းက  လူနာတင်ယာဉ် တစ်စီးလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်တွင်ကျင်းပခဲ့ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း နံနက်(၆)နာရီမှ စတင်၍မဲရုံ(၇၀)ရှိ သက်ဆိုင်ရာနေရာများတွင် ဆန္ဒမဲပေးခြင်းများဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်မဲရုံ အမှတ်(၁)တွင် ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)ရှိ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်၊မဲရုံအမှတ်(၁)တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနေ့ဖြစ်သည့်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက် နေ့တွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် အသက် ၆၀ နှစ် နှင့် အထက်ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား အိမ်တိုင် ရာ အရောက်ကြိုတင်ဆန္ဒမဲပေးခြင်းများဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ရာ အသက်(၆၀)နှစ် နှင့် အထက် ဘိုးဘွားများ နှင့် မသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် အောက်တိုဘာ (၃၁) ရက်နေ့ မှ နိုဝင်ဘာ( ၅)ရက်နေ့အထိ အိမ်တိုင်ရာအရောက် သွားရောက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)