နေပြည်တော်ကောင်စီနယ်မြေ

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်အတွင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် အလျင်လို RHC ၊ အောင်ဇမ္ဗူ S/C Abate campaign ဒုတိယမြောက်နေ့အဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို RHC All BHS နှင့် ပဲခူး ငRRT တို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဝန်း၊ ဇမ္ဗူသီရိအထူးကု‌ဆေးရုံ၊ စည်ပင်ရိပ်သာတို့တွင် သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ယာယီကျောင်းဆောင်များ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ယာယီကျောင်းဆောင်များ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည်  ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင်ကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား  စခန်းသွင်းလေ့ကျင့်သင်ကြားပေး‌နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများနှင့် ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ကျန်းမာရေးစောင့်ရှောက်မှုများ အထူးဂရုပြု ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာမှုရှိစေရေးနှင့် နေရာထိုင်ခင်းချထားမှုကို စနစ်တကျဆောင်ရွက်ရန်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်စွာအောင်မြင်‌စေရန် သက်ဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် အထူးကြပ်မတ်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ပျဥ်းမနားမြို့နယ်အတွင်း ငလျင်ဘေးသင့် ဘုန်းတော်ကြီးကျောင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

လယ်ဝေးမြို့၌ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး OraVacs ပထမအကြိမ် စတင်တိုက်ကျွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လယ်ဝေးမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား မိုးရာသီတွင်ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး OraVacs အား ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပထမအကြိမ် စတင်တိုက်ကျွေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် သစ်ဝင်တိုင်းကျေးရွာအတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် စခန်းသွင်းလေ့ကျင့်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဥတ္တရခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက စိတ်အပန်းပြေစေရန်နှင့် အားပေးစကားပြောကြားခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်း လူနေအိမ်များ ရေဝင်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့၍ မကျီးပင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသ(ခေါ်)ပေါင်နသာရိုးချောင်း ရေလျှံမှုကြောင့် မကျီးပင်ကျေးရွာ အနိမ့်ပိုင်း အိမ်ဝိုင်းခြံများအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ရေများဝင်ရောက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ