ပုဗ္ဗသီရိမြို့နယ် တပ်ဖွဲ့ဝင်သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တပ်ဖွဲ့ဝင်သား/သမီးများအား ပညာသင်စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။