နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ပျဥ်းမနားမြို့နယ်၌ ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေး သင်တန်းကျောင်းအမှတ် (၂) ကျွန်းတော်ဝင်ခန်းမ၌ ကျင်းပရာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးဟန်သူ၊ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်း ကျောင်းအမှတ် (၂) ကျောင်းအုပ်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်ဝင်း မောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။