နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်းများအား ကွင်းဆင်းကြည့်ရှု
၂၀၂၅ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်းများနှင့် သင်ခန်းစာပို့ချနေရာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။