နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးမှု အခြေအနေများနှင့် ပြန်လည်ပြင်ဆင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်နှင့် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ အင်းအားပြင်းမြေငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှု အခြေအနေများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။