နေပြည်တော်အမျိုးသားပြတိုက်ခန်းမတွင် နှဲ ပြိုင်ပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ Signing Room၊ Banquet Hall ၊ Plenary Hall ၊News Briefing Room၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင်ဇာတ်ရုံတို့တွင် ပြိုင်ပွဲပေါင်းစုံကျင်းပရာ နှဲအမှုတ် ပြိုင်ပွဲကို အောက်တိုဘာ(၆)ရက်နေ့က အမျိုးသားပြတိုက်ခန်းမတွင် ကျင်းပသည်။