နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ တက်ရောက်
ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။